Zoom ဖြင့် ဗီဒီယို ပြုလုပ်ပုံ

1) Zoom App ကို install လုပ်ပြီး၊  zoom account (basic) တစ်ခု ဖွင့်ပါ။ အမည်ရင်း မသုံးပဲ ဖွင့်နိုင်ပါသည်။

2) zoom account ထဲ login ဝင်ပြီးနောက် New Meeting ကို နှိပ်ပါ။

3) Screen share လုပ်မည့် file များဖွင့်ပြီးနောက် zoom မှ Share Screen ကို နှိပ်ပြီး share မည့် window or screen ကို ရွေးပါ။ Share Screen မတွေ့ပါက more … ကိုနှိပ်လျှင် တွေ့နိုင်ပါသည်။

4) zoom မှ Record ကို နှိပ်ပါ။ သင်ကြားမှု စတင်နိုင်ပါပြီ။ 15 မိနစ်ခန့် တစ်ပိုင်း ဖြတ်၍သင်က ပိုသင့်တော်ပါသည်။

5) သင်ကြားမှု တစ်ပိုင်းပြီးလျှင် zoom မှ Stop Recording နှိပ်ပြီး End ကို နှိပ်ပြီးနောက်  End for All ကို နှိပ်ပါ။

6) Recorded files window တစ်ခု ပွင့်လာပါမည်။ မပွင့်ပါက file explorer ဖြင့် zoom folder အောက်တွင် mp4 file ကိုရှာတွေ့နိုင်ပါသည်။ mp4 file ကို သင့်သော်ရာအမည်တစ်ခုပေးပါ။ (ဥပမာ  G10MathCh1L1.mp4, G10MathCh1L2.mp4, စသည်ဖြင့်)

7) zoom basic account သည် တစ်ခါ login ဝင်သုံးလျှင် 45 မိနစ် သုံးနိုင်ပါသည်။ သို့ဖြစ်၍ ဒုတိယ သင်ကြားမှုတစ်ပိုင်း ဆက်လက်ပြုလိုပါက New Meeting ကို နှိပ်ပြီး အထက်ပါ လုပ်နည်းအဆင့် 3 မှ အဆင့် 6 အထိ ဆက်လက်ဆောင်ရွက်ပါ။

8) နောက်သင်ကြားမှုတစ်ပိုင်း ဆက်လက်ပြုလိုပါက zoom မှ logout လုပ်ပြီး၊ လုပ်နည်းအဆင့် 2 မှ အဆင့် 6 အထိ ဆက်လက်ဆောင်ရွက်ပါ။

9) ယင်း mp4 file များကို Youtube.com တွင် upload လုပ်ပြီး၊ ယင်း၏ Link address ကို copy ကူးယူပါ။  ပြီးလျှင် edu4mm.com website ၌ instructor account ဖြင့်ဝင်၍ ဆိုင်ရာ course ပြုလုပ်ပြီး ယင်း Link address နှင့်ချိတ်ဆက်ပါ။