ဖိတ်ခေါ်လွှာ

မြန်မာလူငယ်များ အခမဲ့ ပညာဆည်းပူးနိုင်ရန် ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ ပို့ချချက်များ၊ သက်ဆိုင်ရာသတင်း နှင့် စာမျက်နှာများကို စုစည်းဖော်ပြသွားမည့် website platform တစ်ခုကို တည်ထောင် အကျိုးပြုသွားရန် ကျွန်ုပ်တို့ Education for Myanmar (edu4mm) အဖွဲ့မှ ဆောင်ရွက်လျှက်ရှိပါသည်။

ယခုအခါ အခြေခံ website platform https://edu4mm.com တည်ဆောက်ပြီးဖြစ်၍ ကျွန်ုပ်တို့မှ ဗီဒီယိုသင်ခန်းစာများ စုဆောင်းဖြည့်ဆည်းမှု စတင်ဆောင်ရွက်ပါမည်။ ပညာဒါနပြုလိုသူများ ပါဝင်ကူညီကြပါရန်လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ပညာရေး၊ နည်းပညာ၊ ကျန်းမာရေးတို့နှင့်ပတ်သက် သင့်လျှော်သော သင်ခန်းစာ နှင့် လမ်းညွှန်မှုများကို မည်သည့်အဆင့်မဆို လက်ခံဖော်ပြသွားပါမည်။ အခြေခံပညာ နှင့် တက္ကသိုလ်ဘာသာရပ်များအပြင် နိုင်ငံခြားပညာသင်ရာတွင် လိုအပ်မည့် IGCSE, GCSE, SAT, ACT, TOEFL, IELTS စသည့် စာမေးပွဲဘာသာရပ်များကိုလည်း သင်ကြားနိုင်ပါသည်။ သင့်လျှော်သော မည်သည့်သင်ရိုးညွှန်းတန်းမဆို သင်ကြားနိုင်ပါသည်။

edu4mm.com တွင် မိမိကိုယ်တိုင် Instructor (သင်ကြားပို့ချသူ) အနေဖြင့် မိမိတတ်ကျွမ်းရာဘာသာရပ်များကို ဗီဒီယိုသင်ခန်းစာများပြုလုပ် ထည့်သွင်း ကူညီနိုင်ပါသည်။  မိမိတွင်ရှိပြီးသား ဗီဒီယိုသင်ခန်းစာများကို သုံး၍လည်းကောင်း၊  ဗီဒီယိုသင်ခန်းစာအသစ်များ ပြုလုပ်ခြင်းဖြင့်လည်းကောင်း၊  (သို့) မိမိ online သင်ကြားနေသည်များကို ဗီဒီယိုရိုက်ယူထားပြီး ပြန်လည်အသုံးပြုခြင်းဖြင့်လည်းကောင်း၊ ယင်း ဗီဒီယို link များကို ချိတ်ဆက် ထည့်သွင်း၍ edu4mm.com တွင် course တစ်ခုပြုလုပ်နိုင်ပါသည်။  ဤသို့လျှင် edu4mm ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရန် ဖိတ်ခေါ်ပါ၏။

မိမိနှင့်ဆက်စပ်ရာများမှ သင်ကြားပို့ချနိုင်သူများကို ရှာဖွေဖြည့်ဆည်းပေးခြင်းဖြင့်လည်း ကူညီနိုင်ပါသည်။

ကူညီလိုသူများ (သို့) စုံစမ်းမေးမြန်းလိုသူများ [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

(သို့) အောက်ပါ Google form link တွင် ဖြည့်သွင်းဆက်သွယ်နိုင်ပါသည်။

https://forms.gle/v9dUUykkAY2pouLM7

လေးစားစွာဖြင့် …

Education for Myanmar

(A group of friends from USA, Canada, Singapore, England, Myanmar)

Write a comment