Education for Myanmar


ဖိတ်ခေါ်လွှာ

မြန်မာလူငယ်များ ပညာဆည်းပူးနိုင်ရန် ရည်ရွယ်၍ ဘာသာရပ်ဆိုင်ရာ ပို့ချချက်များ၊ သက်ဆိုင်ရာသတင်းနှင့် စာမျက်နှာများကို စုစည်းဖော်ပြသွားပါမည်။
လေ့လာဆည်းပူးလိုသူများ user registration လုပ်ရန်မလိုအပ်ပဲ course များကို အခမဲ့လေ့လာဆည်းပူးနိုင်ပါသည်။
ပါ၀င်ကူညီလိုသူများ ပညာဝေမျှလိုသူများ ဆက်သွယ်နိုင်ပါသည်။
Email: [email protected]

ပညာဒါန ယူလျှင်ရ၊ ထွန်းပနိုင်စေသော်ဝ်။

ပညာထွေထူး သင်ဆည်းပူး၊ ဉာဏ်မြူးအောင်စေသော်ဝ်။

ကိုယ်စီစွမ်းပြု များပေါင်းစု၊ ကောင်းမှုဖြာစေသော်ဝ်။

Join Our Edu4MM Community

This website presents collections of non-interactive online lectures as well as education/health related information and useful links for people in Myanmar.

Non-interactive online lectures offer several advantages for students including anytime access, repetitive learning opportunities, going with individual’s own speed and convenience, and virtually no limitation on the number of students.

The website provides a convenient platform for those instructors/professionals who like to offer their teaching video lectures or informative talks to a broad population. One time creation of contents serves students year after year. Any topic related to education, technology, and health at any level are welcome.

Be a part of our growing community of teachers and students worldwide!

ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း။

ပညာဒါန

ဤပညာဒါန သည် အသိဉာဏ်တိုးပွားစေခြင်းကြောင့်လည်းကောင်း၊ ရေရှည်ပညာဖြန့်ဖြူးနိုင်ခြင်းကြောင့်လည်းကောင်း၊ ကြီးမားပြန့်ပြောသော ကုသိုလ်အကျိုးများဖြစ်ထွန်းနိုင်စွမ်းရှိပေသည်။ မိမိတတ်ကျွမ်းရာပညာကို အရင်းတည်၍ မြတ်သော ပညာဒါနကုသိုလ် ပါဝင်ယူကြပါကုန်လော့။

ဆည်းပူးပညာ

ပညာအထွေထွေတို့ကို လွယ်လင့်တကူ သင်ယူဆည်းပူးနိုင်ရန် ဖန်တီးပေးထားပါသည်။ ပညာလိုလားသူများ အချိန်အခါ အခွင့်အလမ်းကို အကျိုးရှိရှိ အသုံးချကြပါကုန်လော့။ မသိသေးသူများအားလည်း သတင်းမျှကြပါလော့။

ပေါင်းစုစွမ်းအား

ကိုယ်စီကိုယ်စီ ဆိုင်ရာနိုင်ရာ ပါဝင်ဆောင်ရွက်ခြင်းဖြင့်၊ စွမ်းအားများ စုဆောင်းစုပေါင်းကာ ပိုမိုအောင်မြင်တိုးတက် ပညာထက်သော ကိုယ်ကျင့်သိက္ခာမြတ်သော မြန်မာလူ့ဘောင်ဆီသို့ ရည်မှန်းလျှောက်လှမ်းကြပါစို့။